ကမ္ဘာ့ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေရဲ့ ရွာ(ဆံပင်နဲ့ ပက်သတ်တဲ့ စိတ်ဝင်စားဖွယ်ရာ ဓလေ့များ)

ဂင်းနစ်စံချိန်ဝင်တဲ့ ကမ္ဘာပေါ်မှ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေထိုင်တဲ့ရွာကတော့ တရုတ်နိုင်ငံ ဟွမ်လုံရွာဖြစ်ပါတယ်နော်။ ရွာရဲ့ ပတ်ပတ်လည်ဟာလည်း တောင်တန်းတွေ ဝိုင်းရံနေပြီးတော့ သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင် တောင်တွေကို ထွင်းပြီး

စိုက်ပျိုးထားတဲ့ လှေကားထစ် စိုက်ခင်းတွေရဲ့ အလှဟာ ရှုလို့မဆုံးအောင် သာယာလှပပြီးတော့ အဲဒီ ဟွမ်လုံရွာ ကလေးဟာလည်း ထူးဆန်းတဲ့ ဓလေ့ထုံးစံတွေ ရှိတာကြောင့် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်နော်။ အဲဒီရွာမှာနေထိုင်ကြတဲ့ လူမျိုးစုကို ယောင် လူမျိုးစုလို့ခေါ်ကြပြီးတော့

အနီရောင်ယောင် လူမျိုးစုဆိုရင် ပိုပြီးလူသိများပါတယ်။ ဘာကြောင့်ဆိုရင် သူတို့ဟာ အဝတ်အစား အနီရောင်ကိုသာ ဝတ်ဆင်ကြတာမို့ပါ။ရှည်လျား မည်းနက်ပြီးတော့ သန်မာလှတဲ့ ဆံပင်တွေကြောင့်လည်း နာမည်ကျော်ပါသေးတယ်နော်။

အဲဒီရွာမှာ အိမ်ခြေ ၇၀ခန့်သာ ရှိတဲ့ လူနည်းစု ယောင် တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာပေမဲ့ အိမ်တိုင်းမှာရှိတဲ့ အမျိုးသမီးတိုင်းဟာ ရှည်လျားလှတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားကြတာပါ။ သူတို့ ကိုယ်တိုင်ကလည်း ဆံပင်ရှည်ဟာ သူတို့ဘဝရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်ဆိုပြီးတော့ မြတ်နိုး တန်ဖိုးထားကြတယ်လို့

ဆိုကြပါတယ်နော်။ အမျိုးသမီးတိုင်းက ဆံပင်ရှည်ရှည်တွေဖြစ်ပြီးတော့ အရှည်ဆုံး ဆံပင်ဟာ ၂မီတာ( ၆ပေခွဲ) လောက်ကို ရှိပြီး ဆံပင်တွေကို ဖြန့်ချလိုက်ရင် မြေပြင်နဲ့ ထိနေအောင်ကို ရှည်လျားသန်စွမ်းကြပါတယ် လို့ သိရပါတယ်နော်။သူတို့ဟာ တစ်သက်မှာ တစ်ကြိမ်သာ ဆံပင်ဖြတ်ခွင့်ရှိကြပြီး တော့

အဲဒီအချိန်ဟာလည်း သူတို့အသက် ၁၆နှစ်ကနေ ၁၈နှစ်ကြား အိမ်ထောင်ပြုခါနီးအချိန် ဖြစ်ပါတယ်။ ဖြတ်လိုက်တဲ့ ဆံစုတွေကိုတော့ သူတို့ရဲ့ မိခင်ကို ပေးအပ်တာပါ။မိခင်တွေကတော့ အဲဒီဆံပင်စုတွေနဲ့ ဆံထုံးတုတွေ ဆံပင်အလှဆင် ဆံထုံးတွေ လုပ်ကြပြီးတော့ အမျိုးသမီးတွေရဲ့ ဆံပင်တွေကို ထုံးဖွဲ့ရာမှာ

ထိုဆံထုံးတုလေးတွေ ထည့်သွင်းပြီး ထုံးနှောင်ကြပါတယ်။တစ်ချို့တွေကတော့ မူလဆံပင်ရှည်တွေနဲ့သာ ထုံးကြပြီးတော့ အချို့ကတော့ ဆံပင်တုတွေနဲ့ ရောပြီး ထုံးဖွဲ့ကြပါတယ်။ ဟွမ်လုံရွာမှာ အမျိုးသမီးပေါင်း ၁၀၀ကျော်ခန့်ရှိပြီး သူတို့အားလုံးဟာ

ရှည်လျားတဲ့ဆံပင်ရှည်တွေ ရှိပေမဲ့ နေ့ခင်းအလုပ်လုပ်ချိန်တွေမှာတော့ ဆံပင်တွေကို ခေါင်းပေါ်မှာ ထုံးထားလေ့ရှိပါတယ်တဲ့။ ထုံးရာမှာလည်း အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေး အခြေအနေအလိုက် ဆံပင်ကို ထုံးဖွဲ့ပုံ ကွဲပြားကြတယ်လို့ သိရပါတယ်။

အိမ်ထောင်မရှိသူ အပျိုလေးများရဲ့ ဆံထုံး အိမ်ထောင်မရှိသေးတဲ့ ငယ်ရွယ်သူ အမျုးိသမီးတွေကတော့ ခေါင်းပေါ်မှာ ထုံးထားတဲ့ ဆံပင်ကို အခြားသူတွေ မမြင်နိုင်ဖို့ အပြာရောင် ပုဝါလို အစ တစ်ခုခုနဲ့ ဖုံးအုပ်ထားတတ်ကြပြီး သူ့နဲ့ လက်ထပ်တဲ့သတို့သားဟာလည်း မင်္ဂလာဆောင်တဲ့နေ့မှသာ ဆံပင်ရှည်ကို ပထမဦးဆုံး မြင်တွေ့ခွင့် ရတယ်လို့ဆိုပါတယ်နော်။

တကယ်လို့များ တစ်စိမ်းယောက်ကျ်ားလေးတစ်ယောက်ယောက်ဟာ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးရဲ့ ဆံပင်ကို တစ်စုံတစ်ခုသော အကြောင်းကြောင့် ပုဝါစနဲ့ ဖုံးထားခင်မှာ မြင်တွေ့လိုက်ပြီဆိုရင်တော့ အဲဒီ အမျိုးသမီးလေးရဲ့ မိဘတွေအိမ်မှာ သားမက်အဖြစ်နဲ့ ၃နှစ်လောက် နေထိုင်ကြရတယ်လို့ ထူးထူးဆန်းဆန်း ဓလေ့ထုံးစကို တွေ့ရပါတယ်နော်။

အိမ်ထောင်ရှိသူအမျိုးသမီးတို့ရဲ့ ဆံထုံးပုံ အိမ်ထောင်ရှိသူတွေကတော့ ဆံပင်ရှည်တွေကို လင်ပန်းတစ်ချပ်လို ခေါင်းပေါ်မှာ ခပ်ပြားပြား အနေအထားနဲ့ ထုံးဖွဲ့ထားလေ့ရှိပါတယ်။သားသမီးရှိပြီးသား အမျိုးသမီးတွေ ကတော့ ဆံထုံးရှေ့မှာ ပေါင်မုန့်လုံးလေးလို အလုံးလေး ဖြစ်နေအောင် ထုံးဖွဲ့လေ့ရှိကြတာပါ။နွေနဲ့ ဆောင်းရာသီတွေမှာတော့

ယောင်မျိုးနွယ် အမျိုးသမီးတွေဟာ သူတို့ရဲ့ နက်မှောင်ရှည်လျားတဲ့ ဆံပင်တွေကို ဂျင်းဂျန်းမြစ်ထဲမှာ လျှော်ကြ ဆေးကြတာပါ။ သူတို့ရဲ့ ဆံပင်တွေကို လျှော်ကြရာမှာတော့ ခေတ်ပေါ် ခေါင်းလျှော်ရည်တွေနဲ့ ခေါင်းလျှော်ကြ တာမျိုး မဟုတ်ပါဘူးနော်။

သူတို့အတွက် အကောင်းဆုံး ခေါင်းလျှော်ရည်ကတော့ ဆန်ဆေးရည်ကို ရက်အနည်းငယ်ထားပြီး အချဉ်ဖောက်ကာ အခြားသော ဆေးဘက်ဝင် ပစ္စည်းနဲ့ ပေါင်းစပ်ထားတဲ့ သဘာဝ ခေါင်းလျှော်ရည်သာဖြစ်ပါတယ်။ကျွန်မတို့ ငယ်ငယ်တုန်းကလည်း ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ရင်

ဆံပင်တွေ နက်မှောင် သန်စွမ်းတယ်လို့ ကြားခဲ့ဖူးတာဟာ ယောင်အမျိုးသမီးတွေ လက်တွေ့ သုံးတဲ့နည်းမှန်း ခုမှသာ သိခွင့်ရပါတော့တယ်။ သူတို့ကလည်း သူတို့ဆံပင်တွေ ရှည်လျားမည်းနက် လှပသန်စွမ်းရတဲ့ လျှို့ဝှက်ချက်ဟာလည်း ၂ရက် သို့မဟုတ် ၃ရက်တစ်ကြိမ် ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တာကြောင့်လို့

ဆိုကြတာပါ။အစောပိုင်းနှစ်တွေကတော့ ရွာရဲ့ ဓလေ့ထုံးစံအရ အိမ်ထောင်ရှိ အမျိုးသမီးတွေရဲ့ လင်ယောကျ်ားနဲ့ သားသမီးတွေကလွဲလို့ သူတို့ရဲ့ ဆံပင်ရှည်တွေကို အပြင်လူတွေ မမြင်မတွေ့ရအောင် ထိမ်းသိမ်းထား ခဲ့ရတာကြောင့် အခြားသော ပြင်ပ တစ်စိမ်းသူတွေ ဘယ်သူကမှ အဲဒီအမျိုးသမီးတွေရဲ့

လွတ်လွတ်လပ်လပ် ဖြန့်ချထားတဲ့ ဆံကေသာအလှကို မမြင်တွေ့ခဲ့ကြဖူးပါဘူးတဲ့။ ဒါပေမဲ့ ခုခေတ်မှာတော့ ဓလေ့ထုံးစံတွေ အနည်းငယ် လျော့ချလိုက်ပြီဖြစ်လို့ ဆံပင်တွေ ဖြန့်ချထားတာကို တစ်ခြားလူတွေကလည်း မြင်တွေ့ခွင့် ရလာတာနဲ့အတူ ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတွေရဲ့ အလှကလည်း ပိုပြီး

နာမည်ကျော်လာခဲ့ပါတယ်။ကျော်ကြား လာတဲ့ဆံပင်ရှည်နဲ့အတူ အမျိုးသမီးတွေဟာ တစ်ခြားသူတွေရှေ့မှာ ဂုဏ်ယူစွာ ဓာတ်ပုံအရိုက်ခံ တတ်လာကြပါပြီနော်။ ဟွမ်လုံရွာသူတို့ သီချင်းဆိုပြီးတော့ ကခုန်ကြတဲ့အခါ လှပရှည်လျားတဲ့ ဆံပင်ရှည်တွေဟာ လေပေါ်မှာဝေ့ဝဲနေပြီး ပျံသန်းနေသတဲ့သို့ ရှိပါတယ်နော်။

ဆံပင်ရဲ့အလှကျက်သရေ နာမည် ကျော်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေဟာ အဲဒီရွာတွေကို မကြာခဏ သွားရောက်လေ့ ရှိပါတယ်။ သူတို့ နေထိုင်တဲ့ ရွာကိုလည်း ဆံပင်အရှည်ဆုံး အမျိုးသမီးတွေရဲ့ရွာလို့ ထူတိုင်းက အသိအမှတ်ပြု ခေါ်ဆိုလာကြပါတယ်။ယောင် မျိုးနွယ်စု အမျိုးသမီးတွေဟာ ဆံပင်ရှည်ကို

တမြတ်တနိုး တန်ဖိုးထားရတာတော့ ဆံပင်ရှည်ဟာ သူတို့လူမျိုးတွေအတွက် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်ကြ တာကြောင့်လည်း ဖြစ်ပါတယ်နော်။ချော(အစိမ်းရောင်လွင်ပြင်)

 

Zawgyiဖြင့်ဖတ်ရန်

 

ဂင္းနစ္စံခ်ိန္ဝင္တဲ့ ကမာၻေပၚမွ ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြ ေနထိုင္တဲ့႐ြာကေတာ့ တ႐ုတ္ႏိုင္ငံ ဟြမ္လုံ႐ြာျဖစ္ပါတယ္ေနာ္။ ႐ြာရဲ႕ ပတ္ပတ္လည္ဟာလည္း ေတာင္တန္းေတြ ဝိုင္းရံေနၿပီးေတာ့ သာယာလွပတဲ့ သဘာဝပတ္ဝန္းက်င္ ေတာင္ေတြကို ထြင္းၿပီး

စိုက္ပ်ိဳးထားတဲ့ ေလွကားထစ္ စိုက္ခင္းေတြရဲ႕ အလွဟာ ရႈလို႔မဆုံးေအာင္ သာယာလွပၿပီးေတာ့ အဲဒီ ဟြမ္လုံ႐ြာ ကေလးဟာလည္း ထူးဆန္းတဲ့ ဓေလ့ထုံးစံေတြ ရွိတာေၾကာင့္ စိတ္ဝင္စားဖို႔ ေကာင္းလွပါတယ္ေနာ္။ အဲဒီ႐ြာမွာေနထိုင္ၾကတဲ့ လူမ်ိဳးစုကို ေယာင္ လူမ်ိဳးစုလို႔ေခၚၾကၿပီးေတာ့

အနီေရာင္ေယာင္ လူမ်ိဳးစုဆိုရင္ ပိုၿပီးလူသိမ်ားပါတယ္။ ဘာေၾကာင့္ဆိုရင္ သူတို႔ဟာ အဝတ္အစား အနီေရာင္ကိုသာ ဝတ္ဆင္ၾကတာမို႔ပါ။ရွည္လ်ား မည္းနက္ၿပီးေတာ့ သန္မာလွတဲ့ ဆံပင္ေတြေၾကာင့္လည္း နာမည္ေက်ာ္ပါေသးတယ္ေနာ္။

အဲဒီ႐ြာမွာ အိမ္ေျခ ၇၀ခန႔္သာ ရွိတဲ့ လူနည္းစု ေယာင္ တိုင္းရင္းသားေတြ ေနထိုင္တဲ့႐ြာေပမဲ့ အိမ္တိုင္းမွာရွိတဲ့ အမ်ိဳးသမီးတိုင္းဟာ ရွည္လ်ားလွတဲ့ ဆံပင္ေတြကို ပိုင္ဆိုင္ထားၾကတာပါ။ သူတို႔ ကိုယ္တိုင္ကလည္း ဆံပင္ရွည္ဟာ သူတို႔ဘဝရဲ႕ အစိတ္အပိုင္းလည္း ျဖစ္တယ္ဆိုၿပီးေတာ့ ျမတ္ႏိုး တန္ဖိုးထားၾကတယ္လို႔

ဆိုၾကပါတယ္ေနာ္။ အမ်ိဳးသမီးတိုင္းက ဆံပင္ရွည္ရွည္ေတြျဖစ္ၿပီးေတာ့ အရွည္ဆုံး ဆံပင္ဟာ ၂မီတာ( ၆ေပခြဲ) ေလာက္ကို ရွိၿပီး ဆံပင္ေတြကို ျဖန႔္ခ်လိုက္ရင္ ေျမျပင္နဲ႔ ထိေနေအာင္ကို ရွည္လ်ားသန္စြမ္းၾကပါတယ္ လို႔ သိရပါတယ္ေနာ္။သူတို႔ဟာ တစ္သက္မွာ တစ္ႀကိမ္သာ ဆံပင္ျဖတ္ခြင့္ရွိၾကၿပီး ေတာ့

အဲဒီအခ်ိန္ဟာလည္း သူတို႔အသက္ ၁၆ႏွစ္ကေန ၁၈ႏွစ္ၾကား အိမ္ေထာင္ျပဳခါနီးအခ်ိန္ ျဖစ္ပါတယ္။ ျဖတ္လိုက္တဲ့ ဆံစုေတြကိုေတာ့ သူတို႔ရဲ႕ မိခင္ကို ေပးအပ္တာပါ။မိခင္ေတြကေတာ့ အဲဒီဆံပင္စုေတြနဲ႔ ဆံထုံးတုေတြ ဆံပင္အလွဆင္ ဆံထုံးေတြ လုပ္ၾကၿပီးေတာ့ အမ်ိဳးသမီးေတြရဲ႕ ဆံပင္ေတြကို ထုံးဖြဲ႕ရာမွာ

ထိုဆံထုံးတုေလးေတြ ထည့္သြင္းၿပီး ထုံးေႏွာင္ၾကပါတယ္။တစ္ခ်ိဳ႕ေတြကေတာ့ မူလဆံပင္ရွည္ေတြနဲ႔သာ ထုံးၾကၿပီးေတာ့ အခ်ိဳ႕ကေတာ့ ဆံပင္တုေတြနဲ႔ ေရာၿပီး ထုံးဖြဲ႕ၾကပါတယ္။ ဟြမ္လုံ႐ြာမွာ အမ်ိဳးသမီးေပါင္း ၁၀၀ေက်ာ္ခန႔္ရွိၿပီး သူတို႔အားလုံးဟာ

ရွည္လ်ားတဲ့ဆံပင္ရွည္ေတြ ရွိေပမဲ့ ေန႔ခင္းအလုပ္လုပ္ခ်ိန္ေတြမွာေတာ့ ဆံပင္ေတြကို ေခါင္းေပၚမွာ ထုံးထားေလ့ရွိပါတယ္တဲ့။ ထုံးရာမွာလည္း အမ်ိဳးသမီးေတြရဲ႕ အိမ္ေထာင္ေရး အေျခအေနအလိုက္ ဆံပင္ကို ထုံးဖြဲ႕ပုံ ကြဲျပားၾကတယ္လို႔ သိရပါတယ္။

အိမ္ေထာင္မရွိသူ အပ်ိဳေလးမ်ားရဲ႕ ဆံထုံး အိမ္ေထာင္မရွိေသးတဲ့ ငယ္႐ြယ္သူ အမ်ဳးိသမီးေတြကေတာ့ ေခါင္းေပၚမွာ ထုံးထားတဲ့ ဆံပင္ကို အျခားသူေတြ မျမင္ႏိုင္ဖို႔ အျပာေရာင္ ပုဝါလို အစ တစ္ခုခုနဲ႔ ဖုံးအုပ္ထားတတ္ၾကၿပီး သူ႔နဲ႔ လက္ထပ္တဲ့သတို႔သားဟာလည္း မဂၤလာေဆာင္တဲ့ေန႔မွသာ ဆံပင္ရွည္ကို ပထမဦးဆုံး ျမင္ေတြ႕ခြင့္ ရတယ္လို႔ဆိုပါတယ္ေနာ္။

တကယ္လို႔မ်ား တစ္စိမ္းေယာက္က်္ားေလးတစ္ေယာက္ေယာက္ဟာ လက္မထပ္ရေသးတဲ့ မိန္းမပ်ိဳေလးရဲ႕ ဆံပင္ကို တစ္စုံတစ္ခုေသာ အေၾကာင္းေၾကာင့္ ပုဝါစနဲ႔ ဖုံးထားခင္မွာ ျမင္ေတြ႕လိုက္ၿပီဆိုရင္ေတာ့ အဲဒီ အမ်ိဳးသမီးေလးရဲ႕ မိဘေတြအိမ္မွာ သားမက္အျဖစ္နဲ႔ ၃ႏွစ္ေလာက္ ေနထိုင္ၾကရတယ္လို႔ ထူးထူးဆန္းဆန္း ဓေလ့ထုံးစကို ေတြ႕ရပါတယ္ေနာ္။

အိမ္ေထာင္ရွိသူအမ်ိဳးသမီးတို႔ရဲ႕ ဆံထုံးပုံ အိမ္ေထာင္ရွိသူေတြကေတာ့ ဆံပင္ရွည္ေတြကို လင္ပန္းတစ္ခ်ပ္လို ေခါင္းေပၚမွာ ခပ္ျပားျပား အေနအထားနဲ႔ ထုံးဖြဲ႕ထားေလ့ရွိပါတယ္။သားသမီးရွိၿပီးသား အမ်ိဳးသမီးေတြ ကေတာ့ ဆံထုံးေရွ႕မွာ ေပါင္မုန႔္လုံးေလးလို အလုံးေလး ျဖစ္ေနေအာင္ ထုံးဖြဲ႕ေလ့ရွိၾကတာပါ။ေႏြနဲ႔ ေဆာင္းရာသီေတြမွာေတာ့

ေယာင္မ်ိဳးႏြယ္ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ နက္ေမွာင္ရွည္လ်ားတဲ့ ဆံပင္ေတြကို ဂ်င္းဂ်န္းျမစ္ထဲမွာ ေလွ်ာ္ၾက ေဆးၾကတာပါ။ သူတို႔ရဲ႕ ဆံပင္ေတြကို ေလွ်ာ္ၾကရာမွာေတာ့ ေခတ္ေပၚ ေခါင္းေလွ်ာ္ရည္ေတြနဲ႔ ေခါင္းေလွ်ာ္ၾက တာမ်ိဳး မဟုတ္ပါဘူးေနာ္။

သူတို႔အတြက္ အေကာင္းဆုံး ေခါင္းေလွ်ာ္ရည္ကေတာ့ ဆန္ေဆးရည္ကို ရက္အနည္းငယ္ထားၿပီး အခ်ဥ္ေဖာက္ကာ အျခားေသာ ေဆးဘက္ဝင္ ပစၥည္းနဲ႔ ေပါင္းစပ္ထားတဲ့ သဘာဝ ေခါင္းေလွ်ာ္ရည္သာျဖစ္ပါတယ္။ကြၽန္မတို႔ ငယ္ငယ္တုန္းကလည္း ဆန္ေဆးရည္နဲ႔ ေခါင္းေလွ်ာ္ရင္

ဆံပင္ေတြ နက္ေမွာင္ သန္စြမ္းတယ္လို႔ ၾကားခဲ့ဖူးတာဟာ ေယာင္အမ်ိဳးသမီးေတြ လက္ေတြ႕ သုံးတဲ့နည္းမွန္း ခုမွသာ သိခြင့္ရပါေတာ့တယ္။ သူတို႔ကလည္း သူတို႔ဆံပင္ေတြ ရွည္လ်ားမည္းနက္ လွပသန္စြမ္းရတဲ့ လွ်ိဳ႕ဝွက္ခ်က္ဟာလည္း ၂ရက္ သို႔မဟုတ္ ၃ရက္တစ္ႀကိမ္ ဆန္ေဆးရည္နဲ႔ ေခါင္းေလွ်ာ္တာေၾကာင့္လို႔

ဆိုၾကတာပါ။အေစာပိုင္းႏွစ္ေတြကေတာ့ ႐ြာရဲ႕ ဓေလ့ထုံးစံအရ အိမ္ေထာင္ရွိ အမ်ိဳးသမီးေတြရဲ႕ လင္ေယာက်္ားနဲ႔ သားသမီးေတြကလြဲလို႔ သူတို႔ရဲ႕ ဆံပင္ရွည္ေတြကို အျပင္လူေတြ မျမင္မေတြ႕ရေအာင္ ထိမ္းသိမ္းထား ခဲ့ရတာေၾကာင့္ အျခားေသာ ျပင္ပ တစ္စိမ္းသူေတြ ဘယ္သူကမွ အဲဒီအမ်ိဳးသမီးေတြရဲ႕

လြတ္လြတ္လပ္လပ္ ျဖန႔္ခ်ထားတဲ့ ဆံေကသာအလွကို မျမင္ေတြ႕ခဲ့ၾကဖူးပါဘူးတဲ့။ ဒါေပမဲ့ ခုေခတ္မွာေတာ့ ဓေလ့ထုံးစံေတြ အနည္းငယ္ ေလ်ာ့ခ်လိုက္ၿပီျဖစ္လို႔ ဆံပင္ေတြ ျဖန႔္ခ်ထားတာကို တစ္ျခားလူေတြကလည္း ျမင္ေတြ႕ခြင့္ ရလာတာနဲ႔အတူ ဆံပင္ရွည္ရွည္နဲ႔ အမ်ိဳးသမီးေတြရဲ႕ အလွကလည္း ပိုၿပီး

နာမည္ေက်ာ္လာခဲ့ပါတယ္။ေက်ာ္ၾကား လာတဲ့ဆံပင္ရွည္နဲ႔အတူ အမ်ိဳးသမီးေတြဟာ တစ္ျခားသူေတြေရွ႕မွာ ဂုဏ္ယူစြာ ဓာတ္ပုံအ႐ိုက္ခံ တတ္လာၾကပါၿပီေနာ္။ ဟြမ္လုံ႐ြာသူတို႔ သီခ်င္းဆိုၿပီးေတာ့ ကခုန္ၾကတဲ့အခါ လွပရွည္လ်ားတဲ့ ဆံပင္ရွည္ေတြဟာ ေလေပၚမွာေဝ့ဝဲေနၿပီး ပ်ံသန္းေနသတဲ့သို႔ ရွိပါတယ္ေနာ္။

ဆံပင္ရဲ႕အလွက်က္သေရ နာမည္ ေက်ာ္တာေၾကာင့္ ကမာၻလွည့္ခရီးသည္ေတြဟာ အဲဒီ႐ြာေတြကို မၾကာခဏ သြားေရာက္ေလ့ ရွိပါတယ္။ သူတို႔ ေနထိုင္တဲ့ ႐ြာကိုလည္း ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြရဲ႕႐ြာလို႔ ထူတိုင္းက အသိအမွတ္ျပဳ ေခၚဆိုလာၾကပါတယ္။ေယာင္ မ်ိဳးႏြယ္စု အမ်ိဳးသမီးေတြဟာ ဆံပင္ရွည္ကို

တျမတ္တႏိုး တန္ဖိုးထားရတာေတာ့ ဆံပင္ရွည္ဟာ သူတို႔လူမ်ိဳးေတြအတြက္ အသက္ရွည္ျခင္း၊ က်န္းမာျခင္း၊ ခ်မ္းသာျခင္းနဲ႔ ကံေကာင္းျခင္းေတြကို ယူေဆာင္ေပးႏိုင္တယ္လို႔ ယုံၾကည္ၾက တာေၾကာင့္လည္း ျဖစ္ပါတယ္ေနာ္။ေခ်ာ(အစိမ္းေရာင္လြင္ျပင္)