ယနေ့ မိုးသည်းထန်စွာရွာခဲ့၍ သုဝဏ္ဏမြက်ခင်းတုကွင်း ကိုဗစ်ကုသရေးစင်တာသို့ ရေများဝင်ရောက်ခဲ့

ယနေ့ မိုးသည်းထန်စွာရွာခဲ့၍ သုဝဏ္ဏမြက်ခင်းတုကွင်း ကိုဗစ်ကုသရေးစင်တာသို့ ရေများဝင်ရောက်ခဲ့

သုဝဏ္ဏမြက်ခင်းတု ဘောလုံးကွင်းအတွင်း ယာယီဆေးရုံ (Hospital Tent)များတည်ဆောက်၍ ကိုဗစ်ကုသရေးစင်တာအဖြစ် ဆောင်ရွက်နေသော ဧရာဝတီစင်တာ

Aတွင် ယနေ့( အောက်တိုဘာလ ၁၇ ရက်) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် လူနာဆောင်အချို့ကိုမိုးရေ များဝင်ရောက်မှု ရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။

ဘောလုံးကွင်းအတွင်း၌ အောက်ခံသံပိုင်းလုံးပေါ် ငါးထပ်သားပြား များခင်း၍ အမိုးအကာများဖြင့် ယာယီအဆောင်များတည်ဆောက်ထားသော ဧရာဝတီစင်တာတွင် လူနာတင် ကုတင်များ ဆေး ပစ္စည်းများ ရရှိရန်စင်များ ပြင်ဆင်ထားရှိပြီး ကိုဗစ်အတည်ပြုလူနာများအား လက်ခံထားရှိခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဘောလုံးအကယ်ဒမီ(ရန်ကုန်)၏ လေ့ကျင့်ရေးကွင်း များဖြစ်သည့် သုဝဏ္ဏမြက်ခင်းတု ဘောလုံး ၂ကွင်းတွင် လူနာ ၅၆၀ကျော်ကို

တစ်ပြိုင်နက်တည်း ရှိနိုင် ရန် ယာယီဆေးရုံ (Hospital Tent)များတည်ဆောက်၍ ပြင်ဆင်ထားခြင်းဖြစ်သည်။သုဝဏ္ဏမြက်ခင်းတု ကိုဗစ်ကုသရေး ဧရာဝတီစင်တာတွင် လူနာများကိုပြီးခဲ့သော စက်တင်ဘာလ ၁၉ရက်ကတင်၍ လက်ခံခဲ့ကြောင်း သိရသည်။

 

Zawgyiဖြင့်ဖတ်ရန်

 

ယေန႔ မိုးသည္းထန္စြာ႐ြာခဲ့၍ သုဝဏၰျမက္ခင္းတုကြင္း ကိုဗစ္ကုသေရးစင္တာသို႔ ေရမ်ားဝင္ေရာက္ခဲ့

သုဝဏၰျမက္ခင္းတု ေဘာလုံးကြင္းအတြင္း ယာယီေဆး႐ုံ (Hospital Tent)မ်ားတည္ေဆာက္၍ ကိုဗစ္ကုသေရးစင္တာအျဖစ္ ေဆာင္႐ြက္ေနေသာ ဧရာဝတီစင္တာ

Aတြင္ ယေန႔( ေအာက္တိုဘာလ ၁၇ ရက္) နံနက္အေစာပိုင္းက မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ေသာေၾကာင့္ လူနာေဆာင္အခ်ိဳ႕ကိုမိုးေရ မ်ားဝင္ေရာက္မႈ ရွိခဲ့ေၾကာင္းျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ မီဒီယာ ဒါ႐ိုက္တာ ဦးေဇာ္မင္းထိုက္က ေျပာသည္။

ေဘာလုံးကြင္းအတြင္း၌ ေအာက္ခံသံပိုင္းလုံးေပၚ ငါးထပ္သားျပား မ်ားခင္း၍ အမိုးအကာမ်ားျဖင့္ ယာယီအေဆာင္မ်ားတည္ေဆာက္ထားေသာ ဧရာဝတီစင္တာတြင္ လူနာတင္ ကုတင္မ်ား ၊ေဆး ပစၥည္းမ်ား ရရွိရန္စင္မ်ား ျပင္ဆင္ထားရွိၿပီး ကိုဗစ္အတည္ျပဳလူနာမ်ားအား လက္ခံထားရွိျခင္း ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ေဘာလုံးအကယ္ဒမီ(ရန္ကုန္)၏ ေလ့က်င့္ေရးကြင္း မ်ားျဖစ္သည့္ သုဝဏၰျမက္ခင္းတု ေဘာလုံး ၂ကြင္းတြင္ လူနာ ၅၆၀ေက်ာ္ကို

တစ္ၿပိဳင္နက္တည္း ရွိႏိုင္ ရန္ ယာယီေဆး႐ုံ (Hospital Tent)မ်ားတည္ေဆာက္၍ ျပင္ဆင္ထားျခင္းျဖစ္သည္။သုဝဏၰျမက္ခင္းတု ကိုဗစ္ကုသေရး ဧရာဝတီစင္တာတြင္ လူနာမ်ားကိုၿပီးခဲ့ေသာ စက္တင္ဘာလ ၁၉ရက္ကတင္၍ လက္ခံခဲ့ေၾကာင္း သိရသည္။