ပရဟိတသမားတစ်ယောက်ရဲ့ ရင်နင့်အောင်ခံစားခဲ့ရတဲ့ ရင်တွင်းဖြစ်လေးပါ

အသင်းရဲ့ ဥက္ကဌဆီ ညနေပိုင်း ဖုန်းတစ်ကော ဝင်လာတယ်။ “အစ်ကိုတို့ လိုက်ပို့နေကျ ညီမသားလေးကို ကလေးဆေးရုံကနေ သန်လျင် ( ) ကအိမ်ကို ပြန်ချင်လို့ ကူညီပေးပါဦး ” ဆိုပြီး လူနာကလေးလေးရဲ့ အမေက အကူအညီလှမ်းတောင်းတာ။ အဲ့ဒါနဲ့ ကိုယ်လည်းလမ်းကြောင်း လိုက်သွားရင်းဆေးရုံရောက်တော့ လူနာကလေးလေးကိုတွေ့တယ်။လူနာကလေးလေးကိုတွေ့တယ်။

ကိုယ်တို့အသင်းကားကိုလည်း မြင်ရော ဝမ်းသာမျက်လုံးနဲ့ ကြည့်နေတာ။ကားပေါ်တင်ပေးဖို့ အနားရောက်သွားတော့ ကလေးကသူ့ခြေထောက်ကို အောက်ကို ချပြီး တရိုတသေနဲ့ လက်အုပ် ကောက်ချီတယ်။ သေချာကြည့်လိုက်တော့မြင်ကွင်းက နင့်ကနဲ ညာဘက်ပေါင်တစ်ချောင်း မရှိဘူး။ ဦးထုပ်ဆောင်းထားတဲ့ ခေါင်းမှာ ဆံပင်တွေမရှိဘူး။အဲ့ဒါနဲ့ ကားပေါ်တင်ပေးတော့ “ဦးရေ ကားကိုဖြည်းဖြည်းမောင်းပေးပါနော် သား ခြေထောက်က နာလို့ပါ”တဲ့။

စိတ်ချနော်သား ဦးတို့ကားကိုသား မနာကျင်ရအောင် မောင်းပေးမယ်၊ ငြိမ်ငြိမ့်လေးစီးပြီးသာ လိုက်ခဲ့ လို့ပြောရင်း လိုအပ်တဲ့အချက်အလက်တွေယူတယ်။သားနာမည် ဘယ်လိုခေါ်လဲ မေးလိုက်တော့”သက်ဇင်အောင်” ပါ။သားအသက်ဘယ်လောက်လဲ “၁၂နှစ်ပါ” လူနာကလေးရဲ့အမေက ဝင်ဖြေတယ်။သားက ၇ တန်း တက်နေတာလေ ။ဘ”အရိုးကင်ဆာ ဖြစ်လို့ ညာပေါင်တစ်ချောင်း ဖြတ်လိုက်ရတာ” ကလေးလေးကို ကြည့်လိုက်တော့ မျက်နှာလေးက တည်တည်ငြိမ်ငြိမ်ပဲ။

ဆရာတို့ကို ကျေးဇူးအရမ်းတင်ပါတယ် ကျွန်မတို့ အိမ်ပြန်ဖို့ အခက်အခဲဖြစ်နေတာ ခုလို လာခေါ်ပေးလို့ ကျေးဇူး အများကြီးတင်ပါတယ်။ ဘာ ဆရာမှ မဟုတ်ပါဘူးအစ်မရေ။ ကျွန်တော်တို့က စေတနာ့ဝန်ထမ်းတွေပါ။ ဥက္ကဌကလည်း သေချာလိုက်ပို့ဖို့ မှာထားပါတယ်။အိမ်ကို ပြန်လိုက်ပို့နေတဲ့လမ်းတလျှောက် တွေးနေမိတာက ငါတောင် ညာဒူးနာနေလို့ လမ်းလျှောက်ရအဆင်မပြေဖြစ်နေလို့ စိတ်ဓာတ်ကျနေတာ။

၇ တန်းတက်နေတဲ့ အသက် (၁၂) အရွယ်ကလေးတစ်ယောက်အရိုးကင်ဆာကြောင့် ညာပေါင်တစ်ချောင်းဆုံးရှုံးထားတဲ့ကလေး။ဦးခေါင်းမှာ ဆံပင်တွေ ရိတ်ထားရတဲ့ ကလေးလေး၊ တစ်နေ့တာ ဘဝကြီးကို ဘယ်လို စိတ်ဓာတ်နဲ့များဖြတ်သန်းနေရလဲ ဆိုပြီး ရင်ထဲနင့်နေတာပဲ။ပို့ရမယ့်နေရာ ရောက်တော့ ထိုင်ခုံလေးပေါ် ပွေ့ချီချပြီးတော့ အလှုငွေလေး အပ်ရင်း သားရေ ကျန်းမာရေးဂရုစိုက်နော်လို့ မှာရင်း။လူနာကလေးရဲ့အမေက ကျေးဇူးတင်စကားကို တဖွဖွပြောရှာတယ်။

ကျွန်တော်တို့ပြန်ပါဦးမယ်နော်နှုတ်ဆက်ရင်းကားပြန်လှည့်တော့ ကလေးက တာ့တာလှမ်းပြတယ်။ ပြန်နှုတ်ဆက်ရင်း ဖိုက်တင်းကွာ သားရေ လို့ပြောချင်ပေမယ့် ပါးစပ်က စကားသံ မထွက်လာဘူး။ကလေးလေး အမြန်သက်သာပြီး သာမာန်ကလေးတွေလို ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ လို့ ဆုတောင်းရင်း။အရေးပေါ်လူနာတင်ယာဉ်အခမဲ့ကူညီသည်။တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ၀၉၇၇၇၁၉၉၉၁၇ ကိုကြီး ၀၉၅၁၉၅၄၂၀/Ko Gyi & Helping Hands(Team KG)/Myint Zaw

 

Zawgyiဖြင့်ဖတ်ရန်

 

အသင္းရဲ့ ဥကၠဌဆီ ညေနပိုင္း ဖုန္းတစ္ေကာ ဝင္လာတယ္။ “အစ္ကိုတို႔ လိုက္ပို႔ေနက် ညီမသားေလးကို ကေလးေဆး႐ုံကေန သန္လ်င္ ( ) ကအိမ္ကို ျပန္ခ်င္လို႔ ကူညီေပးပါဦး ” ဆိုၿပီး လူနာကေလးေလးရဲ့ အေမက အကူအညီလွမ္းေတာင္းတာ။ အဲ့ဒါနဲ႔ ကိုယ္လည္းလမ္းေၾကာင္း လိုက္သြားရင္းေဆး႐ုံေရာက္ေတာ့ လူနာကေလးေလးကိုေတြ႕တယ္။

ကိုယ္တို႔အသင္းကားကိုလည္း ျမင္ေရာ ဝမ္းသာမ်က္လုံးနဲ႔ ၾကည့္ေနတာ။ကားေပၚတင္ေပးဖို႔ အနားေရာက္သြားေတာ့ ကေလးကသူ႔ေျခေထာက္ကို ေအာက္ကို ခ်ၿပီး တရိုတေသနဲ႔ လက္အုပ္ ေကာက္ခ်ီတယ္။ ေသခ်ာၾကည့္လိုက္ေတာ့ျမင္ကြင္းက နင့္ကနဲ ညာဘက္ေပါင္တစ္ေခ်ာင္း မရွိဘူး။ ဦးထုပ္ေဆာင္းထားတဲ့ ေခါင္းမွာ ဆံပင္ေတြမရွိဘူး။အဲ့ဒါနဲ႔ ကားေပၚတင္ေပးေတာ့ “ဦးေရ ကားကိုျဖည္းျဖည္းေမာင္းေပးပါေနာ္ သား ေျခေထာက္က နာလို႔ပါ”တဲ့။

စိတ္ခ်ေနာ္သား ဦးတို႔ကားကိုသား မနာက်င္ရေအာင္ ေမာင္းေပးမယ္၊ ၿငိမ္ၿငိမ့္ေလးစီးၿပီးသာ လိုက္ခဲ့ လို႔ေျပာရင္း လိုအပ္တဲ့အခ်က္အလက္ေတြယူတယ္။သားနာမည္ ဘယ္လိုေခၚလဲ ေမးလိုက္ေတာ့”သက္ဇင္ေအာင္” ပါ။သားအသက္ဘယ္ေလာက္လဲ “၁၂ႏွစ္ပါ” လူနာကေလးရဲ့အေမက ဝင္ေျဖတယ္။သားက ၇ တန္း တက္ေနတာေလ ။ဘ”အရိုးကင္ဆာ ျဖစ္လို႔ ညာေပါင္တစ္ေခ်ာင္း ျဖတ္လိုက္ရတာ” ကေလးေလးကို ၾကည့္လိုက္ေတာ့ မ်က္ႏွာေလးက တည္တည္ၿငိမ္ၿငိမ္ပဲ။

ဆရာတို႔ကို ေက်းဇူးအရမ္းတင္ပါတယ္ ကၽြန္မတို႔ အိမ္ျပန္ဖို႔ အခက္အခ​ဲျဖစ္ေနတာ ခုလို လာေခၚေပးလို႔ ေက်းဇူး အမ်ားႀကီးတင္ပါတယ္။ ဘာ ဆရာမွ ​မဟုတ္ပါဘူးအစ္မေရ။ ကၽြန္ေတာ္တို႔က ေစတနာ့ဝန္ထမ္းေတြပါ။ ဥကၠဌကလည္း ​ေသခ်ာလိုက္ပို႔ဖို႔ မွာထားပါတယ္။အိမ္ကို ျပန္လိုက္ပို႔ေနတဲ့လမ္းတေလၽွာက္ ေတြးေနမိတာက ငါေတာင္ ညာဒူးနာေနလို႔ လမ္းေလၽွာက္ရအဆင္မေျပျဖစ္ေနလို႔ စိတ္ဓာတ္က်ေနတာ။

၇ တန္းတက္ေနတဲ့ အသက္ (၁၂) အရြယ္ကေလး​တစ္ေယာက္အရိုးကင္ဆာေၾကာင့္ ညာေပါင္တစ္ေခ်ာင္းဆုံးရႈံးထားတဲ့ကေလး။ဦးေခါင္းမွာ ဆံပင္ေတြ ရိတ္ထားရတဲ့ ကေလးေလး၊ တစ္ေန႔တာ ဘဝႀကီးကို ဘယ္လို စိတ္ဓာတ္နဲ႔မ်ားျဖတ္သန္းေနရလဲ ဆိုၿပီး ရင္ထဲနင့္ေနတာပဲ။ပို႔ရမယ့္ေနရာ ေရာက္ေတာ့ ထိုင္ခုံေလးေပၚ ေပြ႕ခ်ီခ်ၿပီးေတာ့ အလႈေငြေလး အပ္ရင္း သားေရ က်န္းမာေရးဂ႐ုစိုက္ေနာ္လို႔ မွာရင္း။လူနာကေလးရဲ့အေမက ေက်းဇူးတင္စကားကို တဖြဖြေျပာရွာတယ္။

ကၽြန္ေတာ္တို႔ျပန္ပါဦးမယ္ေနာ္ႏႈတ္ဆက္ရင္းကားျပန္လွည့္ေတာ့ ကေလးက တာ့တာလွမ္းျပတယ္။ ျပန္ႏႈတ္ဆက္ရင္း ဖိုက္တင္းကြာ သားေရ လို႔ေျပာခ်င္ေပမယ့္ ပါးစပ္က စကားသံ မထြက္လာဘူး။ကေလးေလး အျမန္သက္သာၿပီး သာမာန္ကေလးေတြလို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနနိုင္ပါေစ လို႔ ဆုေတာင္းရင္း။အေရးေပၚလူနာတင္ယာဥ္အခမဲ့ကူညီသည္။ေတာ္ဝင္ဖြံ့ၿဖိဳးေရးေဖာင္ေဒးရွင္း ၀၉၇၇၇၁၉၉၉၁၇ ကိုႀကီး ၀၉၅၁၉၅၄၂၀/Ko Gyi & Helping Hands(Team KG)/Myint Zaw