သာသနာအတွက် သိန်း(၂၀၀)ကျော်ထောက်ပံ့လိုက်ပြန်တဲ့ ဦးဇော်ဇော်တို့မိသားစု
သာသနာအတွက် သိန်း(၂၀၀)ကျော်ထောက်ပံ့လိုက်ပြန်တဲ့ ဦးဇော်ဇော်တို့မိသားစု
ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၁)ကျောင်းအတွက် ငွေကျပ်သိန်း(၂၂၀)၊ ဆန်အိတ်(၂၂၀)နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ ထုတ်လုပ်သော Mask အခုရေ (၂၂၀၀၀) လှူဒါန်း
ကိုဗစ် ၁၉ရောဂါကူးစက်ခံခဲ့ရသော စာသင်တိုက်များဖြစ်သည့် သိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်နှင့် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တို့ အပါအဝင် ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်းများဖြစ်သော
နာဂလိုဏ်ဂူရှိ ကလေးဝတောရကျောင်းစာသင်တိုက်၊ မေတ္တာဝါဒီဟင်္သာတ ပရဟိတစာသင်တိုက်၊ မြဝတီမဟာစည်သာသနာ့ရိပ်သာ၊ ပညာသိင်္ဂီ သီလရှင်စာသင်တိုက်၊ သီရိရတနာစာသင်တိုက်၊ ငွေစန္ဒာသီလရှင်ကျောင်းတိုက်၊ ပညာဂုဏ်ရည်(မြိုင်) သီလရှင်စာသင်တိုက်၊ မဟာအောင်မြေသမိဒ္ဓေါဒယ သီလရှင်စာသင်တိုက်နှင့်
သစ္စာမဏ္ဍိုင်သီလရှင်စာသင်တိုက်အစရှိသည့် စုစုပေါင်း (၁၁)ကျောင်းအတွက် ဝတ္ထုငွေကျပ် သိန်း(၂၂၀)၊ ဆန်အိတ် (၂၂၀)နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ ပထမဆုံး ထုတ်လုပ်သော Surgical Mask အခုရေ (၂၂၀၀၀)ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ဧရာဝတီဖောင်ဒေးရှင်း
Zawgyiဖြင့်ဖတ်ရန်