မိခင်ဖြစ်သူဆုံးသွားကလည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အစ်မအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဖြိုးလေ

မိခင်ဖြစ်သူဆုံးသွားကလည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အစ်မအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဖြိုးလေး

Snare အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် ဖြိုးလေးကတော့ အမိုက်စား Rap တွေကို သီဆိုတဲ့သူတစ်ယောက်ဖြစ်ပြီး လူငယ်ပရိသတ်တွေ တခဲနက်ဝန်းရံအားပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဒီနေ့ကတော့ နိုဝင်ဘာလ (၁)ရက်နေ့ကတော့ အစ်မ အရင်းဖြစ်တဲ့ မမကြီးရဲ့မွေးနေ့ဖြစ်ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

အမေ ဆုံးပါးသွား ပြီးကတည်းက အမေ့ကိုယ်စား ကျွေးမွေး စောင့်ရှောက် ခဲ့တဲ့ ကျွန်တော့ရဲ့ အမေ ဆိုလည်း ဟုတ် အမ ဆိုလည်း ဟုတ် တဲ့ အချစ်ဆုံး မမကြီးမွေးနေ့ မှ စ၍ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ လိုအင် ဆန္ဒတွေ ပြည့်ဝ ပါစေ Happy Birthday မမကြီး ဆိုတဲ့စာသားလေးနဲ့အတူ အစ်မကြီးအမိရာ ဆိုသလို ကျွေးမွေးပြုစုခဲ့တဲ့ အစ်မဖြစ်သူရဲ့မွေးနေ့ ကို ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ် ။

 

ဒီနှစ်တော့ ကိုဗစ်ကြောင့် Surprise မတိုက်လိုက်ရဘူးလို့လည်းရေးသားထားပါသေးတယ် ။ ပရိသတ်ကြီးရေ .. ဖြိုးလေးတို့မောင်နှမရဲ့ ချစ်စဖွယ် ဆက်ဆံရေးလေးကတော့ တကယ်ကို နွေးထွေးလွန်းပါတယ်နော် ။ ပရိတ်တွေကလည်း ဖြိုးလေး အမရဲ့မွေးနေ့လေးကို ဆုမွန်ကောင်းတွေ အများကြီးရေးသားခဲ့ကြပါတယ် ။Source : Phyo Layy