အစားသောက်တွေလိုက်ပို့နေတဲ့ Delivery တွေအတွက်

အစားသောက်တွေလိုက်ပို့နေတဲ့ Delivery တွေအတွက် နေ့လည်စာတွေလှူဒါန်းလိုက်ပြန် တဲ့ Sinon

ချစ်ရတဲ့ ပရိတ်သတ်ကြီးရေ ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် Sinon ကိုတော့ အထူးမိတ်ဆက်ပေးနေစရာမလိုလောက်အောင်သိရှိကြပြီးသားဖြစ်မှာပါနော်။ Sinon ကတော့ ပရဟိတ စိတ်အပြည့်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို လေးစားချစ်မြတ်နိုးတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မကြာခဏ ဆိုသလို အလှူအတန်းတွေပြုလုပ်တတ်ပြီး ကြင်နာမှုအပြည့်ရှိတဲ့ Sinon ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြပါတယ် ။

သီတင်းကျွတ်လပြည့်နေ့ကလည်း မွန်မြတ်တဲ့အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ် ။ လပြည့်နေ့ မှာ ကျေးဇူးတင်လက်ဆောင်အနေနဲ့ အခုလိုLockdown ကာလမှာ နေပူမရှောင်မိုးရွာမရှောင် ကျွန်တော်တို့အိမ်ကို အရသာရှိတဲ့အစားအသောက်တွေကို ပင်ပန်းခံပီးလိုက်ပို့နေတဲ့သူတို့ကို လေးစားသောအားဖြင့် ကျွန်တော် ကိုယ်တိုင်အရသာရှိလှတဲ့နေ့လည်စာ တွေကိုသူတို့ကိုပေးခဲ့ပါတယ် ‌ဆိုတဲ့စာသားလေးနဲ့အတူ Delivery လေးတွေကို အရသာရှိတဲ့ နေ့လည်စာ တွေကိုလှူဒါန်းကုသိုလ်ယူခဲ့တာပါ ။

နေ့လည်စာတွေလိုက်လံလှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် Sinon က ပရိသတ်တွေကိုမျှဝေပေးခဲ့ပြီး ပရိသတ်တွေ Sinon ရဲ့ အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ ဒါအပြင် အခုလိုလှူဒါန်းပေးတဲ့ Sinon တစ်ယောက် စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေလို့ ပရိသတ်တွေက ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ် ။Source : Sinon