ငွေ ကျပ် (၁၀)သိန်းနဲ့ လေလံစျေးပေးပြီး ကမ်းလှမ်းခံ ခဲ့ရတဲ့

ငွေ ကျပ် (၁၀)သိန်းနဲ့ လေလံဈေးပေးပြီး ကမ်းလှမ်းခံ ခဲ့ရတဲ့ အိန္ဒြာကျော်ဇင် ရဲ့Let’s not go outလို့ အမည်ရတဲ့ ပန်းချီကားလေး

နိုင်ငံကျော် မင်းသမီးချော တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ သူမရဲ့ သမီးလေး ပြေသုဒြာ တို့ကတော့ ကိုဗစ်ကာကွယ်ကုသရေးတွေ အတွက် ပန်းချီကား လှူဒါန်းကြသူတွေ အနေနဲ့ ကိုယ်တိုင်ရေး ပန်းချီကားတွေနဲ့ ပါဝင်လှူဒါန်းခဲ့ကြပါတယ် ။ အနုပညာရှင်တွေရဲ့ ပန်းချီကားတွေကို 3Color ပန်းချီပြခန်း Facebook Page မှာ ကြမ်းခင်းဈေးသတ်မှတ်ကာ ရောင်းချပေးသွားခဲ့ပါတယ် ။

အကယ်ဒမီ အိန္ဒြာကျော်ဇင်ရေးဆွဲထားတဲ့ Let’s not go out ဆိုတဲ့ ပန်းချီကားလေး ကိုတော့ ကြမ်းခင်းဈေး (၃)သိန်းကနေ စပြီး ဈေးခေါ်ခဲ့တာပါ ။ ဒါပေမယ့် Let’s not go out ( အပြင်မထွက်ပဲ နေကြစို့ ) လို့အမည်ရတဲ့ ပန်းချီကားကို မန္တလေးမြို့က ပရိသတ် တစ်ယောက်က ငွေကျပ် ၁ဝသိန်းဖြင့် ကမ်းလှမ်းသွားခဲ့ တယ်လို့သိရပါတယ် ။

အူဝဲရဲ့ပရိသတ်တွေ ကတော့ လှူလဲလှူ အမှတ်တရ လည်းဖြစ်တဲ့ သူမရဲ့ ပန်းချီကားလေးကို အရမ်းသဘောကျကြကြောင်း မှတ်ချက်တွေရေးသား ခဲ့ကြပါတယ် ။ အပြင်မထွက်ဘဲ နေကြစို့ ဆိုတဲ့ ပန်းချီကားလေး ကို နောက်ထပ် ဘယ်သူတွေ က ဘယ်လောက် လဲ လေလံဈေးပေးပြီး ဝယ်ယူကြမလဲ ဆိုတာ ရင်ခုန် စရာပါပဲ ပရိသတ်ကြီးရေ ..။Source : Eaindra Kyaw Zin