ဒဏ္ဍာရီထဲကမင်းသမီးလေးအလား လုံလုံခြုံခြုံနဲ့ကျက်သရေရှိစွ

မြင်သူတိုင်း မှင်သက်အံ့သြသွားလောက်အောင် ဒဏ္ဍာရီထဲကမင်းသမီးလေးအလား လုံလုံခြုံခြုံနဲ့ကျက်သရေရှိစွာ လှရက်လွန်းနေတဲ့မိုးဟေကို

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့ ထပ်တန်းကနေ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကလည်း အပါအဝင်ပါပဲ..။

ကျော့ရှင်းပြီး မြင်သူတိုင်းလည်ပြန်ငေးရလောက်အောင် ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင်ကောင်းတာတွေကြောင့်လည်း ဇာတ်ကားတွေများစွာ ရိုက်ကူးထားကာ ပရိသတ်တွေရဲ့ စိတ်ဝင်တစားအားပေးစောင့်ကြည့်မှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်..။

ပရိသတ်အချစ်တော်လေး မိုးဟေကိုကတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း အေးချမ်းပြီး အမြင်ဆန်းတဲ့အလှပုံရိပ်လေးတွေနဲ့ လှသွေးကြွယ်နေပြန်ပါတယ်နော်..။မင်သူတိုင်း မှင်သက်အံ့သြသွားလောက်အောင် ဒဏ္ဍာရီထဲကမင်းသမီးလေးအလား လုံလုံခြုံခြုံနဲ့ကျက်သရေရှိစွာ လှရက်လွန်းနေတဲ့မိုးကိုတော့ မြင်သူတိုင်း ချစ်ခင်ကြမှာပါနော်..။

“ဒဏ္ဍရီထဲက မင်းသမီးလေးပေါ့ရှင်။မိုး အရင်ဝတ်နေတဲ့ မြင်နေကျဝတ်စုံ ပုံစံမျိုးတွေထဲက မဟုတ်ပဲ Design Creation အသစ်ကို ဒီဇိုင်နာ-ကိုမင်းသက်စံ က မိုးအတွက် ဖန်တီးပုံဖော် ပေးထားတာပါ။ဓာတ်ပုံတစ်ပုံ၊ ဝတ်စုံတစ်စုံလို့ မမြင်ဘဲ ပေါင်းစပ်ဖန်တီးမှု အနုပညာတစ်ခုလို့ မြင်ကြည့်ပေးပါရှင်။ မိုးချစ်တဲ့ ပရိသတ်အတွက် အသစ်အသစ်သော

အနုပညာတွေချပြပေးသွားမှာပါ။ချစ်သောမိုး..” ဆိုပြီး သူမရဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။ဆွဲဆောင်မှုရှိစွာ အမြင်တစ်မျိုးလေးနဲ့ လှသွေးကြွယ်နေတဲ့ မိုးရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျအချစ်ပိုနေကြမှာပါနော်..။Source – Moe Hay Ko’s Fb Page