Happy Birthday ပါ Sinon ရေ

Happy Birthday ပါ Sinon ရေ

ချစ်ချစ် Fb Daily News ပရိတ်သတ်ကြီးရေ ဒီနေ့ကတော့ ပရိတ်သတ်ကြီးရဲ့အချစ်တော် မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို လေးစားအလေးထားပြီး ချစ်ခင်မြတ်နိုးတဲ့ အလှူအတန်းတွေနဲ့ ကိုရက်ရောတဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်နော်။

Sinon ကတော့ သူ့ရဲ့ မွေးနေ့လေးမှာ အခုလိုပဲ ဆုတောင်းထားပါတယ်နော် “သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားအား မွေးနေ့ကိတ်ဆက်ကပ်လှူဒါန်းရခြင်းဟာ ကျနော်ရဲ့မွေးနေ့အတွက် အလွန်ထူးကဲတဲ့ ကုသိုလ်ပါပဲ။

ကျနော်ရဲ့ ချစ်ခြင်းတွေ၊မေတ္တာတရားတွေ နဲ့ အများကောင်းကျိုး လောကကောင်းကျိုးကို ဆက်လက်သယ်ပိုး အကျိုးပြုနိုင်ရန် လမ်းပြပေးတော်မူပါအရှင်ဘုရား” လို့ ဆုတောင်းမေတ္တာစာလေးကို ရေးသားခဲ့တာပဲဖြစ်ပါတယ်နော်။

Sinon ကတော့ တကယ့်ကို စိတ်ထားဖြူစင်မြင့်မြတ်ပြီး လေးစားတန်ဖိုးထားထိုက်သူပါပဲနော်။သူ့ရဲ့မွေးနေ့မှာတောင် သူ့အတွက်ဆုတောင်းမှုထက် အများအကျိုးအတွက် သယ်ပိုးနိုင်ဖို့ အဓိက ဆုတောင်းခဲ့တာပါနော်။

ချစ်ရတဲ့ ပရိတ်သတ်ကြီးရေ Sinon အတွက် မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါဦးနော်။မင်မင်လည်း Sinon အတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။Happy Birthday’s ပါ Sinon ရေ အလိုရှိရာတွေကိုပြည့်ဆုံပြီး အများကောင်းကျိုး လောကကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူ ဖြစ်ပါစေနော်….Writer>> TH(Fb Daily News)